Content feed Comments Feed
ရေးချင်ရာရေး ပြောချင်ရာပြော၊ ဒါပေမယ့်..... မှန်တာကိုရေးပြီး မှန်တာကိုပြောနိုင်ပါစေ။ တွေးချင်ရာတွေး လုပ်ချင်ရာလုပ်၊ ဒါပေမယ့်.... ကောင်းမွန်စွာတွေး ကောင်းတာတွေပဲ လုပ်နိုင်ပါစေ။ မေးချင်ရာမေး ဖြေချင်ရာဖြေ၊ ဒါပေမယ့်..... အဓိပ္ပါယ်ရှိတာမေး သင့်တင့်လျောက်ပတ်အောင် ဖြေနိုင်ပါစေ။ မိတ်ဆွေစစ်တို့သည် မှန်၍အကျိုးများရာကိုသာ ညွှန်ပြသည်။
Powered by Blogger.
Useful Web Sites
အများအတွက် အသုံးဝင်မယ်လို့ ထင်တဲ့ အွန်လိုင်းပေါ်မှ နေရာများကို အဓိကထား ဖော်ပြပေးသွားပါမယ်။ မိမိတို့ အလိုရှိရာနေရာများကို အလွယ်တစ်ကူ ရှာဖွေလေ့လာနိုင်ကြလို့ အချိန်ကုန်သက်သာ စိတ်သက်သာရနိုင်ပါစေလို့ ရည်ရွယ်ပါတယ်။
YOUR ADSENSE CODE HERE ... 468x60
Free E-Books Download Links
စာအုပ်များကို လွယ်လင့်တကူ ရှာဖွေနိုင်၍ လိုအပ်ရင် ဒေါင်းလုပ့်ခ်လုပ်၍ ရနိုင်မည့် အလကား(အလကား Free) ပေးသော လင့်ခ်များကို တစ်နေရာတည်းမှာ စုစည်းတင်ပြထားတာပါ။ ပြန်လည်ဝေမျှလိုက်ပါတယ်။
YOUR ADSENSE CODE HERE ... 468x60
Creative Advertisement
တက်မက်စရာ အငွေ့တစ်ထောင်းထောင်းနဲ့ ပူပူနွေးနွေးကော်ဖီတစ်ခွက်ဘေးမှာ ရေးထားတဲ့ စာလေးကလည်း ဒီမြို့ရဲ့ထင်ရှားတဲ့ တင်စားမှုကိုလည်း ဖော်ပြလိုက်တာပါ။
YOUR ADSENSE CODE HERE ... 468x60
>ဆန်းသစ်တီထွင်သော ကြော်ငြာများ(၂)
ဆန်းသစ်မှုဆိုတာ သူများတွေသာမန်အတွေးမျိုးကို မြေလှန်ပစ်သလိုမျိုး လုပ်လိုက်တာပါ။ ကြာတော့လည်း ရိုးသွားတတ်သလို သာမန်ပါပဲလို့ မြင်တတ်ကြတယ်။ ရိုးသွားတော့မှ ထပ်ပြီး အမြင်ပြန်ပြောင်းအောင် ဆန်းသစ်လိုက်ကြပေါ့။ ဒါနဲ့ပဲ အများသူငါရဲ့ အိတ်ကပ်ထဲက ပိုက်ဆံကို နှိုက်ယူနေကြတာပဲ။ ကဲ ဒီတစ်ခေါက်တော့ နေရာမျိုးစုံက စက်လှေခါးကို အသုံးချပြီး ကြော်ငြာထားပုံတွေကို တင်ပြပေးထားပါတယ်။
YOUR ADSENSE CODE HERE ... 468x60
Professional Related Posts with Thumbnails for Blogger
Displaying the links to related posts along with a thumbnail of the corresponding post will help you increase the page views/user .Users will be tempted to go for the related posts when they are presented attractively with thumbnails. www.bloggerplugins.org has release this new widget !
YOUR ADSENSE CODE HERE ... 468x60
ဆန်းသစ်တီထွင်သော ကြော်ငြာများ(၃)Billboard
ဒီတစ်ခါတော့ ဆန်းသစ်တီထွင်တဲ့ Billboard များကို စိတ်ဝင်စားဖွယ်ရာ တွေ့မြင်ရ၍ ပြန်လည်မျှဝေခံစားလိုက်ပါတယ်။ စိတ်ကူးစိတ်သန်းကောင်းလေးများတွေ့တော့လည်း လက်မတို့ဘဲ မနေနိုင်တာမို့လေ။
YOUR ADSENSE CODE HERE ... 468x60
Date Rape Drugs
ဆေးဝါးများ၏ အာနိသင်ကြောင့် ဆေးခတ်ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှု မရှိတော့ဘဲ လိင်ဆက်ဆံမှုအား ငြင်းပယ်နိုင်စွမ်း ပျောက်ဆုံးကာ မည်သို့ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကိုပင် မှတ်မိနိုင်စွမ်း မရှိတော့ပေ။ ယင်းဆေးဝါးများသည် ယေဘုယျအားဖြင့် အရောင်မရှိ၊ အနံ့မရှိဘဲ အရသာလည်း မရှိသဖြင့် တစ်ဖက်သား မရိပ်မိစေဘဲ အချိုရည်အတွင်းသို့ ထည့်ခတ်နိုင်ပေသည်။ Date rape drug အမျိုးအစား အနည်းဆုံး သုံးမျိုး ရှိပါသည်...
YOUR ADSENSE CODE HERE ... 468x60
ကြက်ဥအတုပြုလုပ်နည်း
In China there are fake schools and classes that teach a variety of blatant fraud technology, even eggs can be modulated by chemical materials, but also be able to fry cook, is currently the most popular False course.....
YOUR ADSENSE CODE HERE ... 468x60
CahayaBiru.com
“ အရိယာ ပုဂ္ဂိုလ်(၈)ယောက် အကြောင်း သိမှတ်ဖွယ် ”
ရေးသားသူ Htoo Pa
ဘ​လော့​ဒေး
ရေးသားသူ Htoo Pa
ဘ​လော့မှာ စာပုဒ်​အသစ်​မတင်​ဖြစ်​​တော့သည်​မှာ ၃ နှစ်​နဲ့ တလရှိ​တော့မည်
ရေးချင်​တာ​လေး​တွေရှိ​နေ​ပေမယ့်​ အားချိန်​နည်းလာသည်​ မ​ရေးဖြစ်​သည့်​ အ​ကြောင်းပြချက်​ အမျိုးမျိုးရှိ​ပေမယ့်​ ဘ​လော့​လေးကို သံ​ယောဇဉ်​က မပြတ်​ ​ဖေ့ဘုတ်​မှာ​ရေးလည်း ​ရေးရတာ ခံစားချက်က ​​ပေါ့ပျက်​ပျက်​နှင့်​ ​ရေထည့်​များသွားသည့်​ ​ကော်​ဖီ​သောက်​ရသလို
ဘ​လော့မှာ​ရေးပီး ပြန်​ဖတ်​ရတာ ကိုယ်​ဘ​လော့ပြန်​လာလည်​ကြည့်​ရတာက ဖီလင်​ကတမျိုး
ပြန်​​ရေးဘို့ ကြိုးစားဦးမည်​ ဖတ်​သူအနည်းငယ်​သာ ရှိ​ပေမယ့်​ ကိုယ်​​ရေးချင်​လို့ ​ရေးတာမို့ ဖတ်​သူနည်း​ပေမယ့်​ အလည်​လာသူရှိ​နေ​သေးတာ အားတက်​မိသည်
ဘ​လော့​ဒေးအလွန်​ ဖီလင်​အမှတ်​တရ
Posted via Blogaway
Watch Free Movie and TV Channels Links
ရေးသားသူ Htoo Pa
အင်တာနက်မှ နိုင်ငံတစ်ကာ TV Channels လိုင်းများစွာ နှင့် Movie များကို ကြည့်ရှု့နိုင်မည့် နေရာများကို ရှာဖွေစုဆောင်းဖော်ပြပေးထားပါမည်။ တစ်ချို့လိပ်စာများကတော့ ထုံးစံအတိုင်း Access has been Denied ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ မြန်မာပြည်မှ ရုပ်ရှင်ကြည့်ချင်သူတွေအတွက်တော့ လိုင်းကွန်နက်ရှင် အခက်တွေ့နိုင်ပေမယ့် ဗဟုသုတအဖြစ် စုဆောင်း ဖော်ပြပေးလိုက်ပါတယ်။
Watch Free Movie Top 25 Website List
RankWebsite Design Good Links Quality Quantity Community Updates Score
recipes10*10*10*10*10*10*10*
1hulu9 10109 108 9.33
2myopentheatre9999999.0
3quicksilverscreen99887 9 8.33
3wamof8101077 88.33
5surfthechannel9888888.17
5myvideolinks6889998.17
5wamof98 88798.17
5movinta9999598.17
9hulu78 87998
9wamof98 99498
11iwannawatch88 87887.83
12myvideolinks79 76897.67
12 moviesdatacenter77105987.67
12tvduck8789687.67
15tvduck8987677.5
15streamible88 88 767.5
17 hulu9867597.33
18iwannawatch7710100107.33
19myvideolinks77 96597.17
20wamof6776987.17
21 cinemoz 6 876787
22wamof7777687
23onetveu8776777
24myvideolinks7787677
25hulu576888
source: http://blog.buttermouth.com/
တက္ကိက ပုစ္ဆာ (၁၀)ခု
ရေးသားသူ Htoo Pa
တစ်နေ့တစ်၌ မာလုကျပုတ္တ အမည်ရှိ ရဟန်းတစ်ပါးသည် ကမ္မဌာန်းခွင်မှထ၍ ဗုဒ္ဓမြတ်စွာဘုရားထံ ချဉ်းကပ်ကာ  သူ မကျေနပ်မှုကို ဖော်ထုတ်ပြီးလျှင် စံတင်လောက်အောင် ထင်ရှားသော တက္ကိက ပုစ္ဆာ (၁၀)ခု ကို လျှောက်ထား၍ အဖြေကို တောင်းခံခဲ့ပေသည်။
၁။ စကြ၀ဠာသည် အစဉ်အမြဲ တည်သလော၊
၂။ မတည်သလော၊
၃၊ စကြ၀ဠာသည် အကန့်အသတ်ရှိသလော၊
၎။ မရှိသလော၊
၅၊ ၀ိညာဉ်သည် ကာယနှင့် အတူတူပင်လော၊
၆။ ၀ိညဉ်ကတသီးတခြား၊ ကာယက တသီးတခြားပင်လော၊
၇။ တထာဂတသည် သေသည်၏အခြားမဲ့၌ တည်ရှိသလော၊
၈၊ သေသည်၏အခြားမဲ့၌ မတည်ရှိသလော၊
၉။ သေသည်၏အခြားမဲ့၌ (တစ်ပြိုင်နက်) တည်ရှိ-မတည်ရှိသလော၊
၁၀။ သေသည်၏အခြားမဲ့၌ (တစ်ပြိုင်နက်) မတည်ရှိ-မတည်ရှိမဟုတ်သလော၊
ဤပုစ္စာများကို မြတ်စွာဘုရားက ငါ့အား ရှင်းလင်းမပြပေ။ ဤအချက်ကို ငါမကျေနပ်၊ သဘောမခြိုက်၊ သွား၍မေးမြန်းမည်။ မြတ်စွာဘုရားက ရှင်းလင်းဟောပြလျှင် ရဟန်းဝတ်ဖြင့် ဆက်လက်၍၎င်းထံ၌ တရားကျင့် နေထိုင်မည်။ ရှင်းလင်းဟောပြခြင်း မပြုလုပ်လျှင် ရဟန်းဝတ်ကို စွန့်ပစ်၍ ထွက်ခွာသွားတော့မည်။  မြတ်စွာဘုရားသည် စကြာဝဠာသည် အစဉ်အမြဲတည်ရှိသည်ကို သိပါက ၎င်းအကြောင်းကို ရှင်းလင်းပြောပြပါစေ၊ မြတ်စွာဘုရားသည် စကြာဝဠာသည် အစဉ်အမြဲမတည်ရှိကြောင်းသိလျှင်လည်း မရှိကြောင်း ပြောပါစေ၊ စကြ၀ဠာသည် အစဉ်တည်ရှိသည်၊ စကြာဝဠာသည် အစဉ်အမြဲ မတည်ရှိစသည်တို့ကို မသိပါက မသိသည့်အလျှောက် မကွယ်မထောက်ဘဲ "ငါမသိဘူး၊ ငါမမြင်ဘူး" ဟု မြတ်စွာဘုရားက ပွင့်ပွင့်လင်းလင်းပဲ ပြောပြရန်သာ ရှိသည်။
ယနေ့ကမ္ဘာတွင် သန်းပေါင်းများစွာသော လူအပေါင်းတို့သည် အဆိုပါ တက္ကိက ပုစ္စာများနှင့် အဖိုးထိုက်လှသော အချိန်များကိုဖြုန်းပစ်၍ မိမိကိုယ်မိမိ စိတ်မချမ်းသာမှုကို အလဟဿ ဖန်တီးနေကြပေသည်။ မာလုကျပုတ္တအား ဗုဒ္ဓက ဖြေကြားတော်မူသော တရားများသည် ထိုသို့သော သူများအတွက် အကျိုးကျေးဇူးများစွာ ရှိပေမည်။
"မာလုကျပုတ္တ၊ ငါဘုရားက သင့်အား မာလုကျပုတ္တ၊ လာလော့၊ ငါ့ထံ၌ ရဟန်းဝတ်လှည့်လော့၊ ဒီပုစ္စာများကို ငါရှင်းလင်းဟောပြမည်" ဟု ပြောဖူးပါသလား၊
"မပြောဖူးပါဘုရား"
"သင်ကကော၊ အရှင်ဘုရား၊ အရှင်ဘုရားထံ၌ ရဟန်းဝတ်ပါမည်၊ ဤပုစ္စာများကို ရှင်းလင်းပြောပြပါ" ဟု တောင်းပန်ဖူး၊ လျှောက်ထားဖူးသလား။
"မလျှောက်ထားဖူးပါဘုရား"
မာလုကျပုတ္တ၊ အခုတောင်မှ ငါဘုရားက သင့်အား ငါ့ထံလာ၍ ရဟန်းပြုလော့၊ သင့်အား ဤအကြောင်းတရားများကို ရှင်းလင်းဟောပြမည်ဟု မပြော၊ သင်ကလည်း အရှင်ဘုရားထံ ရဟန်းဝတ်၍ နေထိုင်ပါမည်၊ ဤပုစ္စာများကို ဖြေရှင်းပြတော်မူပါဟု မလျှောက်ထား၊ ဤကဲ့သို့ဖြစ်ခြင်းကြောင့် မည်သူက မည်သူကို ညှဉ်းဆဲသည်ဟု ခေါ်ဆိုရမည်နည်း အသင်လူမိုက်။
မာလုကျပုတ္တ၊ တစ်စုံတစ်ယောက်သောသူသည် မြတ်စွာဘုရားထံ၌ ဤပုစ္စာများကို မဖြေမချင်း ရဟန်းမ၀တ်ဟု ပြောငြားအံ့၊ ၎င်းသူသည် တထာဂတထံမှ ဤပုစ္စာတို့၏ အဖြေကိုမရရှိဘဲ အသက်သာလျှင် ဆုံးရှုံးကောင်း ဆုံးရှုံးသွားပေမည်။
မာလုကျပုတ္တ၊ အကယ်၍ လူတစ်ယောက်ကို အဆိပ်လူးသောမြားထိအံ့၊ ၎င်း၏ မိတ်သင်္ဂဟ ဆွေမျိုးသားချင်းတို့က သမားတစ်ယောက်ထံ ဆောင်ကြဉ်းသွားအံ့၊ ထိုအခါတွင် လူနာက ကျွန်ုပ်အား မြားဖြင့်ပစ်သူကို မသိရသမျှ မြားကိုမဖြုတ်ရပြီ၊ မြားပစ်သမားသည် ခတ္တိယ (စစ်သည်တော်တန်းစား) မျိုးနွယ်လော၊ ဗြာဟ္မဏ (ရဟန်းပုဏ္ဏား) အမျိုးနွယ်ပင်လော၊ သို့မဟုတ် ဝေဿ (ကုန်သည်လယ်လုပ်) အတန်းအစားလော၊ သုဒ္ဓ (ဇာတ်နိမ့်) ထဲကပင်လော၊ သူ့အမည်၊ သူ၏ဆွေမျိုးအမည်က အဘယ်ဖြစ်သနည်း အရပ်မြင့်သလား၊ ပုသလား၊ အလယ်အလတ်ပဲလား၊ အသားအရေက မည်းသလား၊ ညိုသလား၊ ရွှေရောင်အဆင်းလား၊ ဘယ်ရွာ၊ ဘယ်မြို့၊ ဘယ်နိဂုံးကလားခဲ့သနည်း။
အဘယ်လေးမျိုးဖြင့် ပစ်ခွင်လိုက်သည်ကို မသိရသမျှ မြားကိုမဖြုတ်ရပြီ၊ မည်ကဲ့သို့လေးကြိုးကို အသုံးပြုလိုက်သနည်း။ မြားတံက မည်သည့်အမျိုးအစားဖြစ်သနည်း။ မြားတံပေါ်တွင်မည်သည့် အမွေးဖွားများ တပ်ထားသနည်း။ မြားဦးကို မည်သည့်အရာဝထ္ထုဖြင့် ပြုလုပ်ထားသနည်း၊ စသည်ဖြင့် မေမြန်းစုံစမ်းသည် ဆိုပါတော့၊ ထိုသူသည် ၎င်းသိလိုသော ဤအကြောင်းအရာများ တစ်ခုမျှမသိရှိနိုင်မီ အသက်သေဆုံးရပေမည်။
မာလုကျပုတ္တ၊ ဤနည်းတူစွာပင်၊ တစ်စုံတစ်ယောက်သောသူသည် စကြာဝဠာသည် အစဉ်အမြဲတည်သလော၊ မတည်သလော၊ အစရှိသော ပုစ္စာတို့ကို မဖြေမချင်း မြတ်စွာဘုရားထံ၌ ရဟန်းမ၀တ်ဟု ပြောငြားအံ့၊ ထိုသူသည် အသက်သေဆုံးသည့်တိုင်အောင် တထာဂတ ထံမှ ဤပုစ္စာများ၏ အဖြေတို့ကို ရရှိမည်မဟုတ်ပေ။
ထို့နောက် ဗုဒ္ဓသည် မာလုကျပုတ္တအား ရဟန်းဝတ်၍ သူတော်ကောင်းတရားကျင့်နိုင်ရန် ဤအယူအဆသဘောတရားများအပေါ် မတည်ရှိကြောင်း ရှင်းလင်းဟောပြတော်မူလေသည်။ ဤပြဿနာရပ်များနှင့်ပက်သက်၍ မည်ကဲ့သို့ ထင်မြင်ယူဆစေကာမူ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ တို့ ရှိမြဲ ရှိနေမည်။ ဤဘ၀၌ပင် ၎င်းတို့ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကိစ္စကိုသာ ငါဘုရား ဟောကြားတော်မူပေသည် ဟု မိန့်မြွက်တော်မူလေသည်။
မာလုကျပုတ္တ၊ ဒါကြောင့် မည်သည့်အကြောင်းအရာများကို ငါဘုရားဟောကြားသနည်း၊ မည်သည့်အကြောင်းအရာများကို ငါဘုရား မဟောကြား၊ ရှင်းလင်းမပြသနည်း ဆိုသည်တို့ကို ကောင်းစွာ နှလုံးသွင်းထားလော့၊
မည်သည့်အကြောင်းအရာများကို ငါဘုရား မဟောကြားသနည်း၊
စကြ၀ဠာသည် အစဉ်အမြဲတည်သလော၊ မတည်သလော၊ (အထက်ဖော်ပြပါ အယူအဆ ၁၀မျိုး) စသည်တို့ကို ငါဘုရားရှင်းလင်းဖော်ပြ ဟောကြားတော်မမူ။
မာလုကျပုတ္တ၊ ဤအကြောင်းအရာများကို ငါဘုရား အဘယ်ကြောင့် မဟောကြားပေသနည်း။
ဤအယူအဆ သဘောတရားများသည် အသုံးမ၀င်၊ အရာမရောက်၊ သူတော်မြတ်တို့၏ လုပ်ငန်းကျင့်စဉ်နှင့် အခြေခံ ဆက်စပ်ခြင်းမရှိ။ ငြီးငွေ့ရွံရှာခြင်း၊ တွယ်တာမှုကင်းခြင်း၊ ချုပ်ငြိမ်းခြင်း၊ ချမ်းမြေ့ခြင်း၊ ထိုးထွင်းသိမြင်ခြင်း၊ နိဗ္ဗာန်သို့ရောက်ခြင်းအလို့ငှာ ထောက်ပံ့ကူညီမှုမပြု၊ ထို့ကြောင့် ဤအကြောင်းအရာများကို သင့်အားမဟောကြားခြင်းဖြစ်သည်။
ဒါဖြင့်လျှင် မာလုကျပုတ္တ၊ သင့်အား အဘယ်တရားများကို ငါဘုရား ဟောကြားပေသနည်း၊
သင့်အား ဒုက္ခအကြောင်းကို ရှင်းလင်းဟောကြားသည်။ ဒုက္ခဖြစ်ပေါ်ခြင်း (သမုဒယ) အကြောင်း၊ ဒုက္ခ ချုပ်ငြိမ်းခြင်း (နိရောဓ)အကြောင်း၊ ဒုက္ခချုပ်ငြိမ်းရာ ရောက်ရန်လမ်းစဉ် (ဒုက္ခ နိရောဓ ဂါမိနိပဋ္ဋိပဒါ) အကြောင်းကို ဟောကြားသည်။
အဘယ်ကြောင့် ဤအကြောင်းအရာများကို ဟောကြားပေသနည်း။
မာလုကျပုတ္တ၊ ဤအကြောင်းအရာများသည် အသုံးဝင် အရာရောက်သည်။ သူတော်မြတ်တို့၏ လုပ်ငန်းကျင့်စဉ်နှင့် အခြေခံ ဆက်စပ်လျက်ရှိသည်။ ငြီးငွေ့ရွံရှာခြင်း ဖြစ်စေသည်။ တွယ်တာမှုကင်းစေသည်။ ချုပ်ငြိမ်းစေသည်။ ချမ်းမြေ့စေသည်။ ထိုးထွင်းသိမြင်ခြင်း၊ နိဗ္ဗာန်သို့ရောက်ခြင်း အလို့ငှာ ထောက်ပံ့ကူညီမှု ပြုသည်။ ဤအကြောင်းအရာများကို ငါဘုရား ရှင်းလင်းဟောပြခြင်းဖြစ်ပေသည်။
ဗုဒ္ဓ မြတ်စွာ ဟောကြားအပ်သော အရိယသစ္စာလေးပါး ဟူသည်-
၁။ ဒုက္ခ        - ဒုက္ခ
၂။ သမုဒယ  - ဒုက္ခ၏အစ၊ သို့မဟုတ် ဖြစ်ပေါ်ရခြင်း၊
၃။ နိရောဓ   - ဒုက္ခ၏ ချုပ်ငြိမ်းရခြင်း၊
၎။ မဂ္ဂ         - ဒုက္ခ၏ ချုပ်ငြိမ်းရာသို့ ညွှန်းပြ ရှေးရှုသည့်လမ်း၊ တို့ဖြစ်ကြသည်။
ဆင်းရဲငြိမ်းအေးရာ အမှန်ဖြစ်သော နိဗ္ဗာန်ကို မဂ္ဂင် (၈) ပါး ကျင့်စဉ် အကျင့်ကောင်းတို့ဖြင့် ကျင့်ကြံပွားများအပ်ပါက ဗုဒ္ဓဘာသာဝင်တို့၏ အဓိက ရည်ရွယ်ချက်ဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုရမည် အမှန်ဖြစ်ပေသည်။
မဂ္ဂင် (၈) ပါး သို့မဟုတ် သူတော်ကောင်းများ ကျင့်အပ်ရာ အကျင့်ကောင်းဆိုသည်မှာ.....
၁။ သမာ ဒိဋ္ဌိ မဂ္ဂင်      - မဖောက်မပြန် ကောင်းစွာသိမြင်ခြင်း
၂။ သမ္မာ သင်္ကပ္ပ မဂ္ဂင် - ကောင်းစွာ ကြံခြင်း
၃။ သမ္မာ ၀ါစာ မဂ္ဂင်    - ကောင်းစွာ စကားကို ပြောဆိုခြင်း
၎။ သမ္မာ ကမ္မန္တမဂ္ဂင်  - ကာယဒုစရိုက်မှ ရှောင်ကြဉ်ခြင်း
၅။ သမ္မာ အာဇီဝ မဂ္ဂင် - ကောင်းစွာ အသက်မွေးဝမ်းကျောင်းခြင်း
၆။ သမ္မာ ၀ါယာမ မဂ္ဂင် - ကောင်းစွာ အားထုတ်ခြင်း
၇။ သမ္မာ သတိ မဂ္ဂင်   - ကောင်းစွာ အောက်မေ့ ဆင်ခြင်ခြင်း
၈။ သမ္မာ သမာဓိ မဂ္ဂင် - ကောင်းစွာ တည်ကြည်ခြင်း တို့ဖြစ်သည်။
အထက်ပါ အရိယာ သစ္စာလေးပါး နှင့် မဂ္ဂင် (၈) ပါး သည် ဗုဒ္ဓဘာသာအတွက်  အနှစ်ချုပ်ပေ။
အလှူဒါနတွေထဲမှာ ဓမ္မဒါနသည် အမြတ်ဆုံးဒါန ဖြစ်သည်။ ဤကဲ့သို့ ဓမ္မဒါန ပြုလုပ်ရသည့်အကျိုးသည် နိဗ္ဗာန်ကိုရောက်စေသော မဂ်ဉာဏ်ဖိုလ်ဉာဏ်တရားမြတ်ကို လျင်မြန်သောအသိ လွယ်ကူသောအကျင့်ဖြင့် ရလွယ်သိလွယ်သူ မျက်မှောက်ပြုလွယ်သူ ဖြစ်ရပါလို၏။
စုပေါင်း ဘုံကထိန် အလှူရှင်ဖြစ်စေဘို့
ရေးသားသူ Htoo Pa
ဘုံကထိန်၊ ယခုလအတွင်း သီတင်းကျွတ်တာနှင့် ကထိန်ခင်းရန် ပြင်ကြဆင်ကြတော့မည်။
ယနေ့ မေမေအိမ်သွားလည်ရာတွင် ဖေဖေဆုံးပါးပြီးနောက်ပိုင်း ပုံမှန် မတည်အလှူငွေ ထည့်ရာ သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ကျောင်းတိုက် စုပေါင်းဘုံကထိန် အလှူဖိတ်ကြားလွှာလေးကိုကမ်းကာ အလှူဖိတ်လာခဲ့တော့မှ သြော်တစ်နှစ်ဆိုတာ မြန်လိုက်တာ မနေ့တစ်နေ့ကလိုပဲ ထင်မိလိုက်ပါသည်။
တစ်ဦးတစ်ယောက်တည်းက စေတနာ၊ သဒ္ဒါတရားကလည်း ထက်သန် ငွေကြေးလည်း တတ်နိုင်၍ ကထိန်ကို မိမိတစ်ဦးတစ်ယောက်ကောင်းမှုဖြင့် ကုသိုလ်ယူကြသလို သံဃာတော်အများအပြား သီတင်းသုံးရာ ကျောင်းများအတွက် ပိုမိုကောင်းမွန်ပြည့်စုံစေရန် အသင်းအဖွဲ့ဖြင့် စုပေါင်းလှူဒါန်းမှုပြုကြတဲ့အခါ စုပေါင်းဘုံကထိန် အလှူတွေ ဖြစ်ပေါ်လာသည်။ ကထိန်ခင်းရာ ကျောင်းအတွက်ရော ဆန္ဒစေတနာ သဒ္ဒါတရားထက်သန်သော်လည်း မိမိတို့ တတ်အားတရွေ့တစ်နိုင်တစ်ပိုင်လေးဖြင့် ကထိန်အလှူအကျိုး ပြီးပြည့်စုံချင်တဲ့သူတွေအတွက်ရော ဒါမှမဟုတ် ငွေရေးကြေးရေးအရ တတ်နိုင်သော်လည်း အများထည့်ဝင်နိုင်စေရန် မ တည်ငွေဖြင့် စုပေါင်းကုသိုလ် ယူချင်သူတွေအတွက်ရော နှစ်ဦးနှစ်ဖက်စလုံးအတွက် ယခုလိုစုပေါင်းဘုံကထိန်သည် အင်မတန်သင့်မြတ် လျော်ညီအပ်ပေသည်။
တစ်ဆက်တည်းဆိုသလိုပင် ဆရာတော် အရှင်ဆန္ဒာဓိက ရေးသားထား၍ မှတ်သားမိသော ဘုံကထိန် မြောက်အောင်လှူတတ်ဘို့ ပွဲစီစဉ်သူတွေ အလှူရှင်တွေ လုပ်ဆောင်ချက် မမှားမိစေဘို့ သတိထားသင့်တာများကို ပြန်အမှတ်ရမိပါသည်။ မှတ်သားမိသူများလည်းရှိသလို မကြားဖူး မသိသူလည်း ရှိနိုင်မယ်ထင်လို့ မသိသေးသူတွေအတွက် တစ်ဆင့်ပြန်လည် ရေးသားပေးလိုက်ပါသည်။ 
ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား (အပိုင်း-၇)
ရေးသားသူ Htoo Pa
ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား (အပိုင်း-၇)
မြတ်စွာဘုရားသည် ပထမဝါ၌ မိဂဒါဝုန် တောတွင်ပင် ဝါဆိုတော်မူ၏။ နာလက ရသေ့အား မောနေယျ အကျင့်ကို ဟောတော်မူ၏။ သဋ္ဌေးသား ဟသ ကိုလည်ကောင်း၊ သူ၏ သူငယ်ချင်း ၅၄-ယောက်တို့ကို လည်ကောင်း တရားရစေကာ ဧဟိဘိက္ခု ရဟန်းပြုပေးတော်မူ၏။ ယသ၏ မိဘများနှင့် ဇနီးဟောင်းတို့ သောတပန် ဖြစ်ကြ၏။  ဝါကျွတ်သောအခါ ပဝါရဏာပြုပြီးလျှင် မြတ်စွာဘုရားသည် ခြောက်ကျိပ်သော တပည့် ရဟန္တာတို့ကို နေရာဖြန့်၍ သာသနာပြု စေလွှတ်တော်မူ၏။
ဘုရားရှင်ကိုယ်တိုင်မှာမူ တစ်ပါးတည်း ဥရုဝေလ တောသို့ ကြွတော်မူ၏။ လမ်းခရီးအကြား၌ ကပ္ပါသိက တောအုပ်အတွင်း သစ်ပင်တစ်ပင်အောက်၌ ခေတ္တနားနေစဉ်  ဘဒ္ဒဝဂ္ဂီ ညီနောင် သုံးကျိပ်တို့ မိန်းမတစ်ယောက်ကို လိုက်ရှာရာမှ ဘုရားရှင်နှင့်တွေ့၍ တရားနာရသဖြင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်များ ဖြစ်ကြကာ ရဟန်းပြုကြ၏။
မြတ်စွာဘုရားသည် ဘဒ္ဒဝဂ္ဂီ ရဟန်းသုံးကျိပ် တို့ကိုလည်း အရပ်ဒေသ အနှံအပြားသို့ သာသနာပြု စေလွှတ်တော်မူပြီးလျှင် ရှင်တော်ဘုရား တစ်ပါးတည်း ဥရုဝလ သို့ခရီးဆက်တော်မူ၏။
ဥရုဝေလ တော၌ သုံးလမျှ သီတင်းသုံးလျက် ဥရုဝေလရသေ့၏ မီးတင်းကုတ်ထဲမှ နဂါးဆိုးကြီးကို တန်ခိုးဖြင့် နှိမ်နှင်းတော်မူပြီးလျှင် ဥရုဝေလကဿပ၊ နဒီကဿပ၊ ဂယာကဿပ ရသေ့ညီနောင် သုံးဦးတို့နှင့်အတူ သူတို့၏တပည့် တစ်ထောင်ကိုပါ အယူမှားများကို စွန့်စေ၍ ရဟန်းပြုပေးတော်မူ၏။ ထိုရဟန်းတစ်ထောင်တို့ကို ဂယာသီသ၌ အာဒိတ္တပရိယာသ ဒေသနာကို ဟောကြားသောအခါ အားလုံး ရဟန္တာ ဖြစ်သွားကြ၏။
Free E Books Download Links
ရေးသားသူ Htoo Pa
စာအုပ်များကို လွယ်လင့်တကူ ရှာဖွေနိုင်၍ လိုအပ်ရင် ဒေါင်းလုပ့်ခ်လုပ်၍ ရနိုင်မည့် အလကား(အလကား Free) ပေးသော လင့်ခ်များကို တစ်နေရာတည်းမှာ စုစည်းတင်ပြထားတာပါ။ ပြန်လည်ဝေမျှလိုက်ပါတယ်။
Free Ebook Download Links
Free Ebook Download Links ကတော့ ဒေါင်းလုပ့်ခ်လုပ်လို့ရမည့် လင့်ခ်များကို စုစည်းတင်ပြပေးထားသည့် နေရာကောင်းလေး တစ်ခုပါ။ မတူညီသော format မျိုးစုံဖြင့် ရနိုင်ပါတယ်။ အွန်လိုင်း တင်ထားသော စာအုပ်များသည် ကိုယ်ကျိုးစီးပွားအတွက် မဟုတ်စေပဲ ကိုယ်တိုင်ဖတ်ဘို့ အဖိုးအခမယူဘဲ မျှဝေစေရန်အတွက် ရည်ရွယ်ထားပါတယ်။
free_ebooks_download_links
Credit: Raj
ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား (အပိုင်း-၆)
ရေးသားသူ Htoo Pa
ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား (အပိုင်း-၆)
ခုနှစ်ရက် ခုနှစ်လီ စံနေတော်မူခြင်း
ပလ္လင်္ကသတ္တာဟ - မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ပထမ သတ္တာဟ၌ ထက်ဝယ်ဖွဲ့ခွေထားသော ပလ္လင်ကို ဖြေတော်မမူဘဲ ဝိမုတ္တိသုခ = ကိလေသာမှ လွတ်မြောက်ခြင်း ချမ်းသာကို ဘုရားဖြစ်ရာ ပလ္လင်တော်မှာပင် ခုနှစ်ရက်ပတ်လုံး ခံစားတော်မူ၏။
အနိမိသ သတ္တဟ - ထို့နောက် ဒုတိယ သတ္တာဟ၌ ပလ္လင်တော်မှထ၍ ဗောဓိပင်၏ အရှေ့မြောက်အရပ်၌ ရပ်တော်မူပြီးလျှင် ဗောဓိပင်နှင့်ပလ္လင်ကို မမှိတ်သော မျက်လုံးတော်ဖြင့် ကြည့်တော်မူပြီးလျှင် “ဤပလ္လင်ထက်၌ သဗ္ဗညူတ ဉာဏ်တော်ကို ရပေသည်” ဟု ဆင်ခြင်တော်မူလျက် ခုနှစ်ရက်ပတ်လုံး စံနေတော်မူ၏။
စင်္ကမ သတ္တာဟ - ထို့နောက် တတိယ သတ္တာဟ၌ ရပ်တော်မူရာ အရပ်နှင့် ပလ္လင်တော်၏အကြားတွင် လူးလာတုံ့ခေါက် စင်္ကြံလျှောက်တော်မူလျက် ခုနှစ်ရက်ပတ်လုံး စံနေတော်မူ၏။
ရတနာဃရသတ္တာဟ - ထို့နောက် စတုတ္ထသတ္တာဟ၌ ဗောဓိပင်၏ အနောက်မြောက်အရပ်တွင် နတ်တို့ဖန်ဆင်းထားသော ရတနာဃရ ရွှေအိမ်တော်၌ ဝိနည်း, သုတ္တန်, အဘိဓမ္မာ ပိဋကတ် သုံးပုံ တို့တွင် အဘိဓမ္မာပိဋကတ်ကို အထူးထား၍ ဆင်ခြင် သုံးသပ်တော်မူလျက် ခုနှစ်ရက်ပတ်လုံး စံနေတော်မူ၏။
အသုံးဝင်မယ့် web site အညွန်းများ
ရေးသားသူ Htoo Pa
အများအတွက် အသုံးဝင်မယ်လို့ ထင်တဲ့ အွန်လိုင်းပေါ်မှ နေရာများကို အဓိကထား ဖော်ပြပေးသွားပါမယ်။ မိမိတို့ အလိုရှိရာနေရာများကို အလွယ်တစ်ကူ ရှာဖွေလေ့လာနိုင်ကြလို့ အချိန်ကုန်သက်သာ စိတ်သက်သာရနိုင်ပါစေလို့ ရည်ရွယ်ပါတယ်။
  • www.wikimyanmar.co.cc - မြန်မာအွန်လိုင်းစွယ်စုံကျမ်း
  • အကြောင်းအရာပေါင်း ၃,၁၉၁ ကို မြန်မာလိုရေးသားထားပြီး ကိုယ်တိုင်လည်း ပြင်ဆင်ခွင့်ပေးထားပါတယ်။ လေ့လာလိုသမျှ မြန်မာလိုရေးသားထားပြီး အမှားအယွင်းရှိက ရေးသားချက်များကို ၀င်ရောက် ပြင်ဆင်လို့ရပါတယ်။ 
    (သတိချပ်ပါ - ပြင်လို့ရတယ်ဆိုတိုင်း ကိုယ်တိုင်က သေသေချာချာ မသိပဲနဲ့တော့ သွားမပြင်ပေးနဲ့ဦးနော် နောက်လူတွေက အမှားကို ကိုးကားနေမိဦးမယ်။)
    မြန်မာပြည်
    တပင်ရွှေထီး - မဂဒူး မင်းဆက် - ရာဇာဓိရာဇ် - အနော်ရထာ - မင်းတုန်းမင်း - ဗိုလ်ချုပ် အောင်ဆန်း - သခင်ကိုယ်တော်မှိုင်း - ပြည်ထောင်စုသားလူမျိုးများ - မြို့များ - တက္ကသိုလ်များ - စာရေးဆရာများ - ဓလေ့ထုံးစံ - မြန်မာ့ သိုင်း - မုန့်ဟင်းခါး - ဓမ္မစေတီ ခေါင်းလောင်းကြီး
    Loading...
    ဤဘလော့ခ်တွင် ဖော်ပြထားချက်များသည် ကိုယ်ကျိုးစီးပွား အတွက် မရည်ရွယ်ဘဲ လာဖတ်မိသူများအား အကျိုးများစေရာများကို တစ်စုတည်း တစ်ပေါင်းတည်း တစ်နေရာတည်း၌ ရှာဖွေ လေ့လာနိုင်ရန် စုဆောင်း တင်ပြထားခြင်း ဖြစ်ပါသည်။ စွယ်စုံ အကျိုးများစေရာ နေရာလေးတစ်ခု ဖြစ်စေဘို့သာ ရိုးသားစွာ ရည်ရွယ်ပါသည်။ ဤဘလော့တွင် ကူးသားရေးသားဖော်ပြထားသော စာများအားလုံးနှင့် download ပြုလုပ်ရန် တင်ထားသော Ebook စာအုပ်များအား ရေးသားသော မူရင်းစာရေးဆရာများနှင့် မူရင်းစာအုပ်မှ Ebook အဖြစ် ကြိုးစားအားထုတ်၍ ပြန်လည်တင်ထားပေးသူများအား ကာယကံမြောက် မတောင်းဆိုပဲ၊ ကြိုတင် ခွင့်ပြုချက်မရဘဲ ယခုဘလော့ခ်တွင် ပြန်လည် ဖော်ပြမိသောကြောင့် မူရင်း ပိုင်ရှင်များအား အကျိုးတစ်စုံတစ်ရာ နစ်နာမှု့များ ရှိခဲ့ပါက ခွင့်လွှတ်ပါရန်နှင့် ဖော်ပြခွင့် ပြုပါရန် ဤနေရာမှတစ်ဆင့် တရားဝင် ခွင့်ပြုချက်ကို တောင်းဆိုလိုက်ပါတယ်။ သို့သော်လည်း ဤ Ebook စာအုပ်များ၏ မူရင်းရေးသားသူ (သို့) ဆက်ခံသူများမှ ဘလော့ခ်တွင် ဖော်ပြခွင့်ကို ကန့်ကွက် လာမည်ဆိုပါက ပြန်လည်ဖြုတ်ပေးမည်ကိုလည်း ၀န်ခံဂတိ ပြုအပ်ပါသည်။ ကျေးဇူးတင်ထိုက်သူများ အားလုံးကို ဤနေရာမှာ မှတ်တမ်းတင် ကျေးဇူးအထူးတင်အပ်ပါသည်။
    Little Library - Books Corner
    There was an error in this gadget
    FEED BURNER
    feedburner
    About Us
    စကားလေးတစ်ခွန်းဆိုပါဆိုရင်....
    My Blog List